မိုးညို မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲ ပြုလုပ်

မိုးညို   ဇန်နဝါရီ  ၂၆

၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးပြီး စာစီစာကုံး ပြိုင်ပွဲတွင်''ပြည်ထောင်စုနေ့ တို့မမေ့'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ''ပြည်ထောင်စုသားညီနောင်များ'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် ''စည်းလုံးညီညာအောင်ကြောင်းဖြာ''ခေါင်းစဉ်နှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ''ပြည်ထောင်စုနေ့ တို့မမေ့''၊ငြိမ်းချမ်းဝေဆာပြည်မြန်မာ''၊ ပြည်ထောင်စုသားညီနောင်များ'' ခေါင်းစဉ်များဖြင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၃)ဦးတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 ကိုမင်း(မိုးညို)