မိုင်းရှူး ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းမရှိသေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား ကျေးရွာအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့ကမိုင်းအော့ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် နောင်ဟေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် ရှေးဦးစွာ မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒု-လဝကမှူး ဦးစိုင်းမျိုးကျော်က နိုင်ငံသားစိစစ်ရေးကတ်ပြားအရေးပါမှုကို ကျောင်းသား/ကျောင်းသူများအားအသိပညာပေး ဟောပြောရှင်းလင်းပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားအသက်(၁၀)နှစ်အထက် နိုင်-၃(က) ကျား(၈)ဦး၊ မ(၄၁) ဦး၊ပေါင်း(၄၉)ဦးတို့ကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းနှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)