ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ် လ.ဝ.က ဦးစီးအရာရှိ ဦးသိန်းလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့က ရွှေမောင်းစွန်းကျေးရွာအုပ်စု၊ ရှားတိုင်းကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအထောက်အကူပြု ကော်မတီဝင် များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေရရှိရေး၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေ အရွယ်ကလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနေမှု အခြေအနေ၊ သတ်မှတ်ဆေးထိုးအကြိမ် ရေပြည့်မီအောင် ထိုးနှံကြရန်တို့အတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ဋ္ဌာနဆိုင်ရာများမှလည်း မိမိတို့ ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)