ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ငါးသိုင်းချောင်း     ဇန်နဝါရီ    ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် အမျိုးသားခန်းမ၌ ယနေ့နံနက် ပိုင်းက၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ရှေ့ပိုင်းကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး (sinovac) (ပထမအကြိမ်) ထိုးနှံပြီးစီးသူ‌ ဒေသခံပြည်သူများအား  (ဒုတိအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များကို စိစစ် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ ကာကွယ်ဆေးခွဲဝေရရှိမှု အခြေအနေပါ်မူတည်၍  (ပထမအကြိမ်) ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊  ငါးသိုင်းချောင်းမြို့ ကာကွယ်ဆေးထိုးစုရပ်ဌာနကို ရက်သတ္တတစ်ပါတ်လျှင် (၆)ရက်ဖွင့်လှစ်၍ ထိုးနှံဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သက်ဆိုင်ရာကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူမှုရေး အသင်းအဖွဲ့များ၊ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီတို့မှ ဒေသခံပြည်သူများ ကာကွယ်ဆေးထိုး နှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ကာကွယ်ဆေးထိုးစုရပ်၌  (၂၀၂၁)ခုနှစ်၊ ဒီဇင်ဘာလ ၃၁   ရက်နေ့အထိ ကာကွယ်ဆေး   (ပထမ အကြိမ်)ထိုးနှံပြီးစီးသူ (၉၃၁၂) ဦးရှိခဲ့ရာ ယနေ့အထိ(ဒုတိယအကြိမ်)  ကာကွယ်ဆေးထိုးနှံပြီး စီးသူ (၈၀၀၀)ဦးခန့် ရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာကာကွယ်ဆေးထိုးစုရပ်ထံမှ သိရှိရသည်။

မြို့ (ပြန်/ဆက်)

စိုးမင်းဦး