ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးများကို ရက်အလိုက်ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိပြီး၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီး အရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ရပ်ကွက်အတွင်းရှိ အသက်၁၈နှစ်အထက်ရှိသူများ၊ သတ်မှတ် ဆေးထိုး အုပ်စုများထဲတွင် ပါဝင်သည့် မြို့နယ်နေပြည်သူများအား မြို့နယ် သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်ကြီး ဦးဆောင်၍ သူနာပြု ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် လူမှုရေးအဖွဲ့အစည်း များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ