ဘုတ်ပြင်း ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ရေး၊ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြစ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယမန်နေ့ညက ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း သိရ သည်။
အဆိုပါ အသိပညာပေးနှိုးဆော်မှု ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားတွေ့ရှိမှု အရေ အတွက်မှာ လျော့နည်းသော်လည်း ရောဂါဖြစ်ပွားမှုကင်းစင်ပပျောက်မှု မရှိသေးကြောင်း စိစစ် တွေ့ရှိရပြီး၊ ကမ္ဘာနိုင်ငံ အသီးသီးတွင်လည်း ကိုဗစ်-၁၉ ရောဂါမျိုးစိတ်သစ် အိမီခရွန် ရောဂါ ဖြစ်ပွားလျက်ရှိပါသည်။
ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွါပါက (Mask) နှာခေါင်းစည်းစနစ်တကျတပ်ဆင်ရန်၊ လူတစ်ဦးနှင့်တစ်ဦး(၆)ပေအကွာနေထိုင်ခြင်းစသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ တိကျ စွာလိုက်နာဆောင်ရွက်ကြရန်၊ ခရီးသွားလာရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး ကြောင်း ကျန်းမာရေးဌာနအသိမှတ်ပြုလက်မှတ် တစ်ပါတည်း ယူဆောင်၍ ခရီးသွား လာကြရန်၊ အသက်(၁၈)နှစ်ပြည့်ပြီး သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် လာရောက် ထိုးနှံကြရန်အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)