တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမမှ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များ၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (BOOK CLUB) အဖွဲ့ဝင်များဖြင့် စာရေးဆရာမ ခင်စောတင့်ရေးသားသည့် ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင် စာအုပ်ကို ယနေ့နံနက် (၁၀)နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

ရှေးဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းများတွင် စာပေဝါသနာရှင် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းထွန်းက မိမိကိုယ်ကိုကြင်နာပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK CLUB) အဖွဲ့ဝင်ဒေါ်ဝေဝေလွင်က ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင် ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော     စာပေဝါသနာရှင်များ၊ (BOOK CLUB) အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက အထက်ပါဆွေးနွေးချက်များအား ဝိုင်းဝန်းဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင်