ကျောက်ဖြူခရိုင် Community Centre ခန်းမ၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ

ကျောက်ဖြူ   ဒီဇင်ဘာ  ၁၄

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၇)နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင် မာအောင် က စစ်တုရင်ပြိုင်ပွဲပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများအား ပြိုင်ပွဲဝင်သူများ သိရှိစေရန် ‌ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စစ်တုရင်ပြိုင်ပွဲအားဆက်လက်ကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား  တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်ပစ္စည်းများ ပေအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း