ကျိုက်လတ် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီ က အမှတ်(၂)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ အမှတ်(၂)ရပ်ကွက်ရှိ ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေါင်း(၁၁)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၁၅)ဦး၊ ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း(၉၁)ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူ ထုတ်ပေးမှု ပေါင်း(၂၂)ဦး၊ စုစုပေါင်း (၁၃၉)ဦး အားနေ့ချင်းပြီးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်
ကျိုက်လတ်(ပြန်/ဆက်)