လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် Mask Camping ပြုလုပ်ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၁၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့နံနက်  နာရီက မြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ သည်  ပင်မဒေသန္တရ ကျန်းမာ‌ရေးဌာနနှင့် မန္တ‌လေးလမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်၍ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့်ဌာနဆိုင်ရာ အကြီးအကဲများမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အမှတ်(၁၃) ရပ်ကွက်၊ အမှတ် (၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များက မန္တ‌လေးလမ်းမကြီးပေါ်တွင် သွားလာနေကြသူများကို  Mask မဖြစ်မနေ တပ်ဆင်သွားလာရေး တို့ကို သတိပေးကာ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝေဝေ