အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၌ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါစစ်ဆေးပေး

မိုင်းဖြတ်    ​ဒီဇင်ဘာ    ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉​ရောဂါ ပိုးကူး စက်မှု လျော့နည်းလာသည့်အတွက် ဒီဇင်ဘာလ ၁၃ရက် က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ရောဂါပိုးကင်းစင်စွာဖြင့် စာသင်ကြားနိုင်ရေးအတွက်  ယမန်နေ့နံနက်ပိုင်းက အထက(မိုင်းဖြတ်)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ (အခမဲ့)စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့  ကိုဗစ်-၁၉ရောဂါ စစ်ဆေးပေရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ   ဒေါ်နန်းခင်ပပကျော်ဦးစီးပြီး ကိုဗစ်-၁၉ Fever Clinic မှ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများက အထက(မိုင်းဖြတ်)ကျောင်း၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၇၆) ဦးကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RTD Test Kitဖြင့် စစ်ဆေးပေးခဲ့ရာ ရောဂါပိုးမတွေ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစ်မှုဖြစ်ပွားသည့် တတိယလှိုင်း ဇူလိုင်လ ၁ရက်နေ့မှ ဒီဇင်ဘာလ ၁၄ရက်အထိ ကိုဗစ်-၁၉ရောဂါစစ်ဆေးတွေ့ရှိသူ စုစုပေါင်း (၁၀၁၄)ဦးနှင့် ရောဂါအခံရှိ၍ သေဆုံးသူ(၁၀)ဦးအထိရှိပြီး ဒီဇင်ဘာလ ပထပတ်မှစ၍ ရောဂါကူးစက်မှုများ သိသိ သာသာကျဆင်းလာကြောင်း သိရသည်။

​သန်းထွန်းအေး