တုံတာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အသိပညာပေးနှိုးဆော်
Nov 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက တုံတာမြို့ပေါ် ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။