လိပ်သိုမြို့တွင် (၁၀၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ
Nov 16,2021
အမျိုးသားအောင်ပွဲနှင့် ပတ်သက်သည့် သမိုင်းအကြောင်းအရာများ၊ မှတ်တမ်းဓါတ်ပုံများ အား ပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီ အချိန်က (၁၀၁) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်အား ပြသဆောင်ရွက် ခဲ့သည်။