သတင်းများ

လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကာကွယ်ဆေး ထိုးနှံနိုင်ကြစေရေး ပိုးကရင်၊ မြန်မာ ဘာသာတို့ဖြင့် အသိပေး နှိုးဆော်
Nov 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြစေရေး အတွက် ကျေးရွာနေ ပြည်သူများ သိရှိနိုင်စေရန် မြန်မာ ဘာသာနှင့်ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှုများအား လက်ကိုင်စပီကာ အသံချဲ့စက်ဖြင့် ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒိုင်းပြ ကျေးရွာတွင် အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များအား ကရင်ဘာသာ ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Nov 15,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက် ရှိကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကြီးမြတ်သောပုဂံအဖွဲ့နှင့် ပုဂံကိုချစ်မြတ်နိုးသည့် ညောင်ဦးမြို့၊ ပုဂံမြို့သူ/သားများ ပူးပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Nov 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ကြီးမြတ်သော ပုဂံသန့်ရှင်းရေးပြုလုပ်အဖွဲ့နှင့်အတူ ပုဂံကိုချစ်မြတ်နိုးကြသည့် ညောင်ဦးမြို့သူမြို့သားများ၊ ပုဂံမြို့သူမြို့သား များသည် ယမန်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ချုံနွယ်ပိတ်ပေါင်း ထူးထပ်ပြီး ရှေးဟောင်းဘုရားများကွယ်နေသည့် သစ်ကိုင်းများအား လူအင်အား ၁၀၀ ဖြင့် သန့်ရှင်းရေး ပြုလုပ်ကုသိုလ်ယူခဲ့ကြောင်း ကြီးမြတ်သောမဟာ ပုဂံသန့်ရှင်းရေးအဖွဲ့ ဦးမျိုးဆက်စံထံမှ သိရသည်။
ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည် အသိပေးနှိုးဆော်
Nov 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွား တွေ့ရှိမှုနှုန်း လျော့နည်းစေရန် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များအား ပြည်သူများလိုက်နာရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည် အသိပေး နှိုးဆော်ကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် မြန်မာဘာသာ၊ စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Nov 15,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်၍‌ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ပြည်သူ ၂၁၁၀ ဦးတို့အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေး
Nov 15,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံထားသူများအား ဒုတိယအကြိမ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား ပထမအကြိမ်အဖြစ်
ဖလမ်းမြို့၌ စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 15,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဒေသခံဗုဒ္ဓဘာသာဝင်များနှင့်ဌာနဆိုင်ရာဗုဒ္ဓဘာဝင်များ၏ စုပေါင်း မဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲကဖလမ်းမြို့၊ကျင်မွာလ် ရပ်ကွက်၊ ရန်ပြေမာန်ပြေနိုင်ငံအေးအောင်တော်မူဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီကျောင်း တွင် ကျင်းပပြု လုပ်ကြောင်းသိရသည်။
စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 15,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။