သတင်းများ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်‌စု‌နေ့အထိမ်းအမှတ် Talk Show‌ ကော့မှူး၌ ကျင်းပ
Feb 10,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက်၁၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Feb 10,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်း(၁၀)နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ
Feb 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အမျိုးသား အလွတ်တန်း ဘော်လီဘောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီ ခွဲမှ စတင်၍ အမှတ်(၁)ရပ်ကွက်ရှိ ဘတ်စကက်ဘောကွင်း၌ ကျင်းပပြုလုပ်သည်။
လားရှိုးခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားအလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကျင်းပ
Feb 10,2022
လားရှိုးမြို့ ရပ်ကွက်(၁၂)ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံ အားကစားရုံ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကျင်းပကြောင်း သိရှိရသည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်
Feb 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Feb 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ တွင် ညအချိန်များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာပစ္စည်းများ မရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ စည်ပင်သာယာစျေး များတွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် အသက်(၁၅)နှစ်အောက် ကလေးများအား ပိုလီယိုကာကွယ်ဆေး ဆက်လက်တိုက်ကျွေးပေး
Feb 10,2022
ကျိုက်ထိုမြို့နယ်တွင် အသက် ၁၅ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များအား ပိုလီယိုရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် နှင့် ကလေးများ၏ဘဝ ပိုလီယိုရောဂါကင်းစင်စေရန် ရည်ရွယ်ချက်ဖြင့် ပိုလီယိုကာကွယ်ရေး (OPV) ဆေးတိုက်ကျွေးခြင်းကို‌ ဖေဖော်ဝါရီ (၃) ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများနှင့် ရပ်ကွက် /ကျေးရွာအလိုက် စုရပ်များတွင် တိုက်ကျွေးပေးလျက်ရှိသည်။
ကယားပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့၊ သူနာပြုသင်တန်းကျောင်း၌ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲပြုလုပ်
Feb 10,2022
ကယားပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။