တန့်ယန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ

တန့်ယန်း ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အမျိုးသား အလွတ်တန်း ဘော်လီဘောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီ ခွဲမှ စတင်၍ အမှတ်(၁)ရပ်ကွက်ရှိ ဘတ်စကက်ဘောကွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ လာရောက်ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင် အားကစား ကလပ်အသင်း ၇ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဖေဖော်ဝါရီလ ၁၂ ရက် စိန်ရတု ပြည်ထောင်စုနေ့ထိ ကျင်းပသွားမည်ဖြစ်ကာ ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။                                                         

မင်းလွင်ဦး(ပြန်/ဆက်)