ငါးသိုင်းချောင်းမြို့၊ အ-မ-က ရေတံခွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်ဆောင်ရွက်
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-မ-က ရေတံခွန် ကျောင်း၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ငါးသိုင်းချောင်းနယ်မြေမီးသတ်စခန်း၊ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး၊ အားကစားဆိုင်ရာ အသိပညာပေးခြင်းနှင့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာ ပေးခြင်း အစီအစဉ်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။