နမ့်ဆန်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

နမ့်ဆန်   ဖေဖော်ဝါရီ    ၁၀ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်း(၁၀)နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဒုတိယဦးစီးမှူးတို့က အပြန်အလှန်ဆွေးနွေးကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့နှင့် စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်ဆိုသည့် အချက်များကို ဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းထားထားလှိုင်ကလည်း ပြည်ထောင်စုနေ့အား တိုင်းရင်းသားပြည်သူများအားလုံး အဘယ်ကြောင့် မမေ့သင့်သည်ကို  ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

အဆိုပါ ပြည်သူ့အသိပညာပေး Talk Show များကို အပတ်စဉ် တင်ဆက်ပေးလျက်ရှိရာ We Love Namhsan Page တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါကြောင်းလည်းသိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)