လွိုင်ကော် ဖေဖော်ဝါရီ ၁၀
ကယားပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီးမြတ်မင်းမိုး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးပရဟိတအဖွဲ့အစည်းများနှင့် ပြည်သူများ၊ စုစုပေါင်းအင်အား (၂၅၀)ဦးဖြင့် အဆိုပါသင်တန်းကျောင်း၌ သန့်ရှင်းရေးများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်မည့် အချိန်တွင် အဆင်သင့်ဖြစ်နိုင်စေရေးအတွက် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ သင်တန်းခန်းမ များ၊ သင်တန်းအိပ်ဆောင်များကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်ဖြစ်သော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အတွက် Quarartine Center ထားရှိနိုင်ရေးနှင့် ကြိုတင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)