(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်‌စု‌နေ့အထိမ်းအမှတ် Talk Show‌ ကော့မှူး၌ ကျင်းပ

ကော့မှူး ဖေဖော်ဝါရီ  ၁၀

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက်၁၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်ဇာခြည်စိမ့်က မြို့နယ်‌နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား“ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အခုလို အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကော့မှူးမြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင်‌ မောင်ဖြူစင်(ကော့မှူး)က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ်ချုပ်ဆိုဖို့‌ စေ့ဆော်ဖန်တီးလာပုံအ‌ကြောင်းနှင့် ပြည်ထောင်စုနေ့နှင့် ပတ်သက်ပြီး လူငယ်လူရွယ်များအပါအဝင် တိုင်းရင်းသားပြည်သူများအနေဖြင့် ထားရှိသင့်သည့် သဘောထားခံယူချက်များအား ဆွေးနွေးပြောကြားခဲ့သည်။

ကျော်သူရ (ကော့မှူး)