လားရှိုး ဖေဖော်ဝါရီ ၁၀
လားရှိုးမြို့ ရပ်ကွက်(၁၂)ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံ အားကစားရုံ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်အားကစား နှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကျင်းပကြောင်း သိရှိရသည်။
ယခုကျင်းပသော အားကစားပြိုင်ပွဲများသည် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလားအနေဖြင့် ကျင်းပခြင်းဖြစ် သည်။
ပြိုင်ပွဲ ပွဲစဉ်များအနေဖြင့် လားရှိုးမြို့ရှိ ပြိုင်ပွဲဝင်အသင်း(၉)သင်းမှ အုပ်စု(၂)အုပ်စုဖြင့် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ အုပ်စု(က) တွင်ရပ်ကွက်(၉)၊ဇွဲမာန်၊Broken world၊ ရွှေနန်းစံအသင်းနှင့် အုပ်စု(ခ)တွင်မြို့ဝမ်၊ R22၊Shwe Nine၊၊ဝနားဖအသင်းတို့ ပါဝင်ကြပြီး ဖေဖော်ဝါရီ(၁၂)ရက်နေ့ ညနေ(၃)နာရီအချိန်၌ ဗိုလ်လုပွဲကိုကျင်းပကာ ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများကို ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌမှ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အတူလားရှိုး တက္ကသိုလ်အားကစားခန်းမ၌လည်း ဘောလီဘောပြိုင်ပွဲကိုတစ်ပြိုင်တည်း ကျင်းပနေကြောင်း သိရှိရသည်။
ဟန်ဌေး