သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

သံတောင်ကြီး  ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်ဦးစီးမှူးနော်လော်မူက (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို အစဉ်အမြဲသတိရစေရန်၊ ကလေးသူငယ်များအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိစေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုကဲ့သို့ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ သံတောင်ကြီးမြို့အမှတ်(၄)ရပ်ကွက် ရှိကလေး/သူငယ်(၁၂)ဦးပါဝင်ယှဉ်ပြိုင်ကာ ဆုရသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)