ကျိုက်ထို ဖေဖော်ဝါရီ ၁၀
ကျိုက်ထိုမြို့နယ်တွင် အသက် ၁၅ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များအား ပိုလီယိုရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် နှင့် ကလေးများ၏ဘဝ ပိုလီယိုရောဂါကင်းစင်စေရန် ရည်ရွယ်ချက်ဖြင့် ပိုလီယိုကာကွယ်ရေး (OPV) ဆေးတိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ (၃) ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများနှင့် ရပ်ကွက် /ကျေးရွာအလိုက် စုရပ်များတွင် တိုက်ကျွေးပေးလျက်ရှိသည်။
အသက် ၁၅ နှစ်အောက် ကလေးများအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းအားဖြင့် ကလေးငယ်များအား မသန်မစွမ်းဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်သည့်အတွက် မိဘများအနေဖြင့် မိမိတို့၏ သား/ သမီးများကို ပိုလီယိုကင်းစင်ပြီး ကျန်းမာဖွံ့ဖြိုးလှပသည့် အနာဂတ် များ ပိုင်ဆိုင်ခွင့်ရရှိစေရန် ပူးပေါင်းပါဝင်ပြီး ကာကွယ်ဆေးမပျက်မကွက် တိုက်ကျွေးပေးကြရန်လိုအပ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရ သည်။
၀င်းမောင်(ကျိုက်ထို)