သတင်းများ

လက်ပံတန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ ကျင်းပ
Feb 10,2022
လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ လူထုအခြေပြု ဗဟိုဌာန၊ (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ ရန်ကုန်-ပုသိမ်အမြန်လမ်းမတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Feb 10,2022
ဧရာ၀တီတိုင်းဒေသကြီး၊​ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ အမှိုက်များစည်းကမ်းတကျစွန့်ပစ်ရေးနှင့် လမ်းဘေးဝဲယာတွင် အမှိုက်များ မစွန့်ပစ်ရေးတို့အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၊ဦးဆောင်၍ ယမန်နေ့ ညနေ ၄နာရီ အချိန်က ရန်ကုန်-ပုသိမ်အမြန်လမ်းမ တစ်လျှောက် လမ်းဘေးဝဲယာများတွင်စု ပေါင်းသန့်ရှင်းရေး အမှိုက်များရှင်းလင်းခြင်းပြုလုပ်ခဲ့သည်။
ပေါက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ ( Talk Show) ပြုလုပ်
Feb 10,2022
ကိုဗစ်-၁၉ကာလတွင် အများပြည်သူအသိပညာ ဗဟုသုတရရှိစေရန်အတွက် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ကရသူရိမြို့အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပြည်သူများသို့ ဆက်လက်ကွင်းဆင်းထိုးနှံပေး
Feb 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအား ထိုးနှံပေးခြင်းကို ယမန်နေ့က ကျေးရွာများသို့ ဆက်လက်၍ ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ ကုတင်(၂ဝဝ)ဆံ့ဆေးရုံတွင် သူနာပြုအကူများအား ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်လှစ်ပို့ချ
Feb 10,2022
မိတ္ထီလာမြို့ ကုတင်(၂ဝဝ)ဆံ့ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိ​သောသူနာပြုအကူ သင်တန်းသား၊ သင်တန်းသူများကို ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ခရိုင်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးနေဦးထံက သိရသည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show) အစီအစဉ် ခင်ဦးမြို့တွင်ဆောင်ရွက်
Feb 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show) အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။
ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအတွက် ကိုဗစ်စင်တာများ ကြိုတင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Feb 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ လူနာများရှိလာပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကိုဗစ် စင်တာများ ကြိုတင်ကာ ပြန်လည်ပြင်ဆင်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၊ မြတ်သီရိ ကိုယ်ထူကိုယ်ထ ပျံကျစျေးတွင် Mask Campaign ပြုလုပ်
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြတ်သီရိ ကိုယ်ထူကိုယ်ထ ပျံကျစျေးတွင် မြို့အုပ်ချုပ် ရေးမှူး ဦးဆောင်၍ မြို့အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်၁၉ ရောဂါအသိပညာပေးလုပ်ငန်းများနှင့် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။