သတင်းများ

ချီဖွေမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပ
Feb 10,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ရစ်လော်ခေါင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲအချိန်က စတင်ယှဉ်ပြိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်
Feb 10,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ဂွမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ပွဲကျင်းပ
Feb 10,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ၊ မဏိသဥ္ဇဏဝေလာ ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ - တရုတ်ကုန်စည်စီးဆင်းမှု လုပ်ငန်းများတွင် ကိုဗစ်-၁၉ ရောဂါကို စနစ်တကျထိန်းချုပ် ကာကွယ်မှုဖြင့် ပုံမှန်အတိုင်းစီးဆင်းနိုင်ရေးနှင့် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Feb 10,2022
ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ- တရုတ်ကုန်စည် စီးဆင်းမှု လုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါကို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကာကွယ်ထိန်းချုပ်ပြီး နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ပုံမှန်စဉ်ဆက်မပြတ် စီးဆင်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့ နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ခြင်း အထိမ်းအမှတ် မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာ‌ပေးသင်တန်းဖွင့်လှစ်
Feb 10,2022
စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုခြင်း အထိမ်း အမှတ် မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာ‌ပေး သင်တန်းဖွင့်ပွဲကို ယနေ့ကျင်းပပြုလုပ်ရာ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးသက်အောင်နှင့် ဝန်ထမ်းများ မုံရွာမြို့နယ် ရွှေပြည်အေးရပ်ကွက် ခဝဲကျင်ကျေးနယ်မြေ(၁)မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဇီးကုန်းမြို့နယ် ပြန်/ဆက် ဦးစီးဌာနတွင် ပြုလုပ်
Feb 10,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့က ကျင်းပ ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် သံဃနာယကအဖွဲ့(အဋ္ဌမ)အကြိမ် အနားယူစေခြင်း၊ ပြန်လည်အစားထိုး ရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Feb 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့-မြို့ ဦးပရိယတ္တိစာသင်တိုက်-သာသနဟိတဓမ္မာရုံ အတွင်း ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်သံဃနာယကအဖွဲ့ (အဋ္ဌမ) အကြိမ် အနားယူ စေခြင်း၊ ပြန်လည်အစားထိုး၍ ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့် အညီ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သံဃနာယက ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်များဖြစ်ကြသည့် တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တနာရဒ၊ မော်တောင်ကျောင်းတိုက် မြိတ်မြို့ (သဘာပတိဆရာတော်)၊ တိုင်းဒေသကြီး သံဃနာယက အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ အာလောက- ဃောသိတာရာမကျောင်းတိုက် ထားဝယ်မြို့(အဖွဲ့ဝင်)နှင့် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝရ သင်္ကန်းမော်ကျောင်း-မြိတ်မြို့၊ တနင်္သာရီမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တဇောတိကနှင့် အကျိုးတော်ဆောင်/ အဖွဲ့ဝင်ဆရာတော် (၁၂)ပါး၊  တိုင်းဒေသကြီး သာသနာရေးဦးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၊ အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်၊ မြို့နယ် (လဝက) ဦးစီးမှူး ဦးမြင့်ကြွယ် (မြို့နယ်သာသနာရေးမှူး တာဝန်ပူးတွဲ ထမ်းဆောင်) တို့ တက်ရောက်ခဲ့ကြသည်။
ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Feb 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံက်ပိုင်းက ကျင်းပခဲ့သည်။