ဖြူး ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က စတင်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား/ကျောင်းသူများအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ် အေးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် စာအုပ်စာစောင် ပြပွဲ၊အားကစားပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲများအတွက် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ ဖြူးမြို့ပေါ်ရှိ စာရေးလမ်းကျောင်း အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူ(၂၀)ဦးသည် ပြည်ထောင်စုနေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထမဆု၊ ဒုတိယဆုနှင့်တတိယဆု(၂)ဆု ရရှိသူများအား ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး၊ စာရေးလမ်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်များကို ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တက်ရောက်လာကြသော မြို့ပေါ်ကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများက ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသ စာအုပ်/ စာစောင်များကို လေ့လာဖတ်မှတ်ကြည့်ရှုခဲ့ကြပြီး စည်လုံးညီညွတ်ခြင်းကို ကိုယ်စား ပြုသည့် ပူဖောင်းတာဝါဆောက် ပြိုင်ပွဲကို အဖွဲ့ခွဲ၍ ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဆုလက်ဆောင်များ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)