ဝါးခယ်မ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ဖေဖော်ဝါရီလ(၁၂)ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ် အချိန်က လွပ်လပ်ရေးပန်းခြံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတော်အလံတင်အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ ဝင်များမြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၇၅)ဦး တက်ရောက်ခဲ့ကြကြောင်း၊ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှ နိုင်ငံတော်အလံအား လွှင့်တင်၍ တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ကျဆုံး လေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြကြောင်း သိရသည်။
စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)