မော်လမြိုင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံများလွှင့်ထူခြင်းနှင့် ရောင်စုံမီးအလှထွန်းညှိ

မော်လမြိုင်  ဖေဖော်ဝါရီ ၁၂

ဖေဖော်ဝါရီ၁၂ ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက်၊စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာရုံးများ၊ အများပြည်သူအပန်းဖြေရာ ပန်းခြံများတွင် ဖေဖော်ဝါရီ၁၁ရက်နေ့ညပိုင်းမှစတင်ကာ  ရောင်စုံမီးအလှများ ထွန်းညှိခြင်း၊  ဖေဖော်ဝါရီ၁၂ရက် နံနက်ပိုင်းတွင် ရုံးဌာနများ၊ စက်ရုံများနှင့်  ရပ်ကွက်အလိုက် နေအိမ်များတို့၌ နိုင်ငံတော်အလံအား လွှင့်ထူပေးကြသည်။

မြန်မာတစ်မျိုးသားလုံး၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့တွင် နိုင်ငံတော်အလံအား လွှင့်ထူပေးခြင်းသည် တိုင်းရင်းသားအားလုံး သွေးစည်းချစ်ကြည်ညီညွတ်မှု အစဉ်သတိရနေစေရန်၊  တစ်နိုင်ငံလုံးရှိတိုင်းရင်းသား၊ လူထုလူတန်းစားအသီးသီးတို့၏  အသက်၊သွေး၊ ချွေးပေါင်းများစွာတို့ဖြင့် ရရှိထားသည့်  လွတ်လပ်ရေးအမွေ အနှစ်အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရန်နှင့်  ပင်လုံစိတ်ဓာတ်ထာဝရတည်တံ့နေစေရန်တို့အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)