ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ရမ်းဗြဲ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌  ၂၀၂၂ ခုနှစ်၊  ဖေဖော်ဝါရီလ  ၁၂ ရက် ယနေ့တွင် ကျရောက်သည့်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ အထိမ်းအမှတ်  အလံတင်အခမ်းအနားကို  နံနက် ၅ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ အလံတိုင်တွင် နိုင်ငံတော်အလံအား လွှင့်တင်ခြင်း အခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆက်လက်ပြီး အခမ်းအနားကို ၇ နာရီ ၄၀ အချိန်တွင် ဆက်လက်ကျင်းပကြရာ ရှေ့ဦးစွာ  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး နိုင်ငံတော် အလံအား အလေးပြုကြပါသည်။ ၎င်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင် ထံမှပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ဖတ်ကြားခဲ့သည်။

ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်ပါးရေးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းကစားပြောပြိုင်ပွဲ စသည့် ပြိုင်ပွဲအသီသီးတို့တွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့် ပေးအပ်ကြသည်။ အဆိုပါ အခမ်းအနားသို့  ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)