သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး (၆)လနှင့် အထက်ရှိသူများ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ရဟန်းသံဃာများကို ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃နာရီအချိန်အထိ၊ ကျိုက္ကစံဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ရုရှားနိုင်ငံထုတ် (Sputnik Light) Booster Dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျား ၁၆၀ ဦး၊ မ ၈၀ ဦး စုစုပေါင်း ၂၄၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။