သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး (၆)လနှင့် အထက်ရှိသူများ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ရဟန်းသံဃာများကို ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃နာရီအချိန်အထိ၊ ကျိုက္ကစံဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ရုရှားနိုင်ငံထုတ် (Sputnik Light) Booster Dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျား ၁၆၀ ဦး၊ မ ၈၀ ဦး စုစုပေါင်း ၂၄၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ဆေးထိုးစုရပ (၂) နေရာခွဲ ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံဖို့ ကျန်ရှိသူများသည် သတ်မှတ်ဆေး ထိုးစုရပ်များတွင် လာရောက်ထိုးနှံကြဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသိပေးနှိုးဆော်နေလျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး