ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများစဉ်ဆက်မပြတ် ဆောင်ရွက်

ကော့သောင်း ဖေဖေါ်ဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက  မြို့ပေါ်ရပ်ကွက်များအနှံ့ လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိသည်။

အသိပေးနှိုးဆော်ရာတွင်ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် တားဆီးနိုင်ရေး သတိပြုကြရမည် ဖြစ်သော်လည်း ကြောက် စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွား မလာခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်း စသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုက်လံအသိပညာပေး နှိုးဆော်ခဲ့က ခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် တာဝန်ရှိအဖွဲ့အစည်းများပူးပေါင်းကာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နေလူဦးရေ၏၅၀%ကျော်ခန့်ကို ကာကွယ်ဆေးထိုးနှံမှုလွှမ်းခြုံနိုင်ပြီးဖြစ်သော်လည်း ယနေ့ကမ္ဘာ့နိုင်ငံတစ်ချို့တွင် ကူးစက်မှုဖြစ်ပွားစ ပြုလာနေသည့် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ မိမိတို့မြို့နယ်အတွင်းသို့ ကူးစက်မှု မဖြစ်ပွားစေရန် နှင့် မြို့နေပြည်သူများ သတိပြုဆင်ခြင်နိုင်ကြစေရန် အသိပေးနှိုးဆော်မှုလုပ်ငန်းများ လမ်းထွက်သွားလာနေကြသူများမဖြစ်မနေပါးစပ်နှာခေါင်းစည်းတပ်ဆင်သွားလာကြေရေး ကို စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)