ကျောက်တလုံးကြီး ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူး ကျင်းပသော တပို့တွဲလပြည့်နေ့ အကြိုထမင်းနဲပြိုင်ပွဲကို ယမန်နေ့ညနေ၂နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထမင်းနှဲပြိုင်ပွဲကို မိနစ်၂၀အချိန်သတ်မှတ်၍ အကဲဖြတ်ဒိုင်အဖြစ် ကျောက်တလုံးကြီးမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးစောချမ်း၊ ကျောက်တလုံးကြီးနယ်မြေရဲစခန်းမှ စခန်းမှူးဇေယျာအောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မြဝင်းတို့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းတပို့တွဲလပြည့်နေ့အကြိုထမင်းနှဲပြိုင်ပွဲကို ကေျာက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ ဆရာမများ ကြီးကြပ်၍ ကျောင်းသား၊ကျောင်းသူများပါဝင်သသည့် အနော်ရထာအသင်း၊ ကျန်စစ်သားအသင်း၊ဘုရင့်နောင် အသင်း၊ အလောင်ဘုရားအသင်း၊ ဗန္ဓုလအသင်းစသော အသင်း(၅)သင်းတို့က ယှဉ်ပြိုင်ထိုးရာ ပထမဆုရရှိသော ကျန်စစ်သားအသင်းအား ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ဒုတိယဆုရရှိသော အနော်ရထာအသင်းအား ကျောက်တလုံးကြီးမြို့နယ် မြေရဲစခန်းမှစခန်းမှူးကလည်းကောင်း၊ တတိယ ဆုရရှိသော ဗန္ဓုလအသင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးတို့က ဆုအသီးသီး ချီးမြှင့် ခဲ့ကြောင်းသိရသည်။
မြဝင်း(ကျောက်တလုံးကြီး)