သတင်းများ

ချောင်းဦးမြို့  ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ သန့်ရှင်းရေး စုပေါင်းဆောင်ရွက်
Feb 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်မှ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် ၇ နာရီက ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီး ပတ်ဝန်းကျင်နှင့် ဆေးရုံအတွင်း အပြင်သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံနှံမှုမရှိစေရေး ကိုဗစ်-၁၉ ညွှန်ကြားချက်များအား အသိပညာပေးလှည့်လည်နှိုးဆော်
Feb 15,2022
ရန်ကုန်မြောက်ပိုငိးခရိုင် အင်းစိန်မြို့နယ်၌ ယမန်နေ့ညတွင် စော်ဘွားကြီးကုန်းရပ်ကွက်အတွင်း နေသူများအား ကိုဗစ်၁၉ မျိုးဗီဇပြောင်း အိုမီခရွှန်ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် ကိုဗစ် ၁၉ ညွှန်ကြားချက်များအား ရပ်ကွက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ‌စေရန် (Hand Speaker) ဖြင့် လိုက်လံလှည့်လည်နှိုးဆော်ခဲ့သည်။ လှည့်လည်နှိုး‌ဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး‌ကော်မတီ၏ လမ်းညွှန်မှုဖြင့် ယခုအခါတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြာင်းအိုမီခရွန် (Omicrom) စတင်ကူးစက်ပြန့်နှံ့နေပြီး အင်းစိန်မြို့နယ်အတွင်းတွင်လည်း Positive တွေ့ရှိပြီဖြစ်၍ မိမိတို့ရပ်ကွက်အတွင်းသို့ ကူးစက် ပြန့်နှံ့မှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်
တံတားမြို့၌  နှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign) ပြုလုပ်
Feb 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက တံတားမြို့ စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့သည်။
သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Feb 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင်စာဖတ်ဝိုင်းကျင်းပ
Feb 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်​တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင်များနှင့် (Women Club) ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် Womew Club အဖွဲ့မှ စာဖတ်ဝိုင်းကျင်းပ
Feb 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က Womew Club အဖွဲ့မှ စာဖတ် စွမ်းရည်၊ အသိပညာဗဟုသုတနှင့် အတွေးအမြင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒို့ကျေးရွာ အတွဲ(၁၉) အမှတ်(၂)မှ ဒေါက်တာမြင့်သန်းထွန်း ရေးသားသော အချိုမှုန့်ခေါ်ဟင်းချိုမှုန့်နှင့် ကျန်းမာရေး၊ ပင်လယ်ပြာ(ငါးဦးစီး) ရေးသာသည့် ဆောင်းရာသီစာ စိမ်းစားဥနှင့် ကျန်းမာရေး ကောင်းကျိုးများ၊ လင်းလင်းမော်(ပြန်/ဆက်) ရေးသားသည့် ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် လိုအပ်သော အစာအဟာရစသည့် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တုံတာမြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Feb 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာ‌ပေးနှိုးဆော်ခြင်းကို ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ ညနေပိုင်းတွင် အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေး
Feb 15,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံပြီးစီးသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန် မြို့နယ် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။