မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာ

မိုင်းယောင်း    ဖေဖော်ဝါရီ    ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှု ဖြင့် ယနေ့နံနက် နာရီခွဲက မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးကြေညာချက်တွင် ပါးစပ်နှင့်နှာခေါင်းစည်းကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေးတို့ကို အထူးဂရု ပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ ရုံးဌာန၊ ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို တစ်ဦးနှင့်တစ်ဦး အသိပေး ခြင်း၊ သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း