ကန့်ဘလူ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၂)ကြိမ် မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၅ နာရီက စေတီတော်လိုဏ်အတွင်း၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရန်ကုန်အသင်း(ကန့်ဘလူ)ဝင်များ၊ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြပြီး ဗုဒ္ဓရုပ် ပွားတော်များအား ရွှေသင်္ကန်းကပ်လှူပူဇော်ကြသည်။ ယင်းနောက် မြို့ရှေ့ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇဝနထံတော်မှ ရှစ်ပါးသီလခံယူဆောင်တည်ပြီး ဆရာတော်များရွတ်ပွား သရဇ္စျယ်ချီးမြှင့်တော်မူသော မေတ္တာသုတ် ပရိတ်တရာတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့ရှေ့ကျောင်းဆ ရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေ ကြကာ ဆရာတော် သံဃာတော်များအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)