ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် New Media ဆိုင်ရာ သင်တန်းဖွင့်လှစ်

ထားဝယ် ဖေဖော်ဝါရီ ၁၅

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် New Media သင်တန်းကို ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက မီဒီယာအသစ် (New Media)နှင့် သမားရိုးကျမီဒီယာ (Traditional Media) ကွာခြားမှု၊ New Media အမျိုးအစားများအကြောင်း၊ New Media နှင့် Traditional Media ၏ အားသာချက်၊ အားနည်းချက်များ၊ အကျိုး၊ အပြစ်တို့ကိုလည်းကောင်း၊ New Media နှင့် IPRD အခန်းကဏ္ဍအကြောင်း၊ မြန်မာနိုင်ငံတွင် New Media အသုံးပြုမှု အခြေအနေနှင့် စိန်ခေါ်မှုများအကြောင်းတို့ကို ဆွေးနွေးပို့ချ သည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက  ခရိုင်၊ မြို့နယ်များရှိ ဝန်ထမ်းများနှင့် New Media နှင့် IPRD အကြောင်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)