မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများ စဉ်ဆက်မပြတ်ပြုလုပ်

မိုင်းရယ် ဖေဖော်ဝါရီ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာ ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Hand Speaker ဖြင့်မြို့ပေါ်ရပ်ကွက်များနှင့် နားလီကျေးရွာ အတွင်း ဆော်ဩမှု ပြုလုပ်သည်။

အဆိုပါ ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများကို မိုင်းရယ်မြို့နယ်၊ မြို့ပေါ် ရပ်ကွက်များအတွင်းတွင် လည်းကောင်း၊ ကျေးရွာများသို့ လည်းကောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန်နှင့် မလိုအပ်ပဲ အပြင်မထွက်ရန်၊ စနစ်တကျ လက်ဆေးရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန် မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကိုဗစ်-၁၉ အသိပညာ ပေးဆော်ဩမှုများကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။

ဟန်နီခင်