မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကာကွယ်ရန် မြန်မာ၊ ရှမ်း၊ လားဟူဘာသာစကားဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်

မိုင်းဆတ်   ဖေဖော်ဝါရီ   ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း မြန်မာ၊ ရှမ်း၊ လားဟူဘာသာစကားဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအားအိမ်တွင် လက်မခံရန်နှင့် အခြားသူ များအိမ်သို့ သွားရောက်လည်ပတ်ခြင်းမပြုရန်၊  မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြော ခြင်း၊ “ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေးအတွက် ပိုမိုများပြားလာခြင်း၊ လက်ရှိ ကာကွယ်ဆေး များ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူများ ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့်  ပြည်သူလူထုအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ တစ်ဦးနှင့် တစ်ဦးခြောက်ပေအကွာ နေထိုင်ခြင်းစသော ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အလေးထားလိုက်နာပြီး ကာကွယ်ကြရန်” Hand Speaker အသုံးပြု၍ မယ်ဆွမ်မြောက်ရပ်ကွက်၊ ဝမ်ကျောင်း(ရပ်)နှင့် ကျဒယ်ရပ်ကွက်တို့တွင် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။    

မြင့်မောင်(ပြန်/ဆက်)