ဝက်လက် ဖေဖေါ်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က နှစ်စဉ်ကျင်းပမြဲဖြစ်သော ဌာနဆိုင်ရာများ စုပေါင်းကာ ထမနဲထိုး ပြိုင်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှေ့လမ်းဘေးတွင် ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
ထမနဲထိုး ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်းရာများကို အဖွဲ့ ၁၁ ဖွဲ့ ဖွဲ့စည်းပေးကာ ပြိုင်ပွဲကျင်းပပြုလုပ်ရာ အကောင်းဆုံးဆုကို ဝက်လက်မြို့ မီးသတ်ဦးစီး ဌာနမှ ရရှိပြီး၊ ကျန်ရှိသော အဖွဲ့ ၁၀ ဖွဲ့ကိုလည်း ဂုဏ်ပြုဆုများ ချီးမြှင့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်နှင့် တာဝန်ရှိသူများက ပေးအပ် ကြောင်း သိရသည်။
အဆိုပါ ထမနဲထိုး ပြိုင်ပွဲမှရရှိသော ထမနဲများကို ဝက်လက်မြို့ အာယုဂဏနအဘယ စေတီတော်တွင် ဆွမ်းတော် ဆက်ကပ်လှူဒါန်းပြီးနောက် မြို့ပေါ် ကျောင်းတိုက်အသီးသီးရှိ ဆရာတော် သံဃာတော်များကို ဆက်လက်လှူဒါန်း ကြကြောင်း သိရသည်။