သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူနှင့် အသစ်လဲလှယ်သူ(၂၉)ဦး၊ မိတ္တူ(၈)ဦး၊ စုစုပေါင်း(၃၇)ဦးတို့အား ယနေ့ နံနက် ၈ နာရီ မှ မွန်းလွဲ ၃ နာရီ အချိန်အထိ အောင်ဆုပန်ရပ်ကွက် ဓမ္မာရုံတွင် ပြည်သူများအား ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မူလဒေသတွင် အိမ်ထောင်စုရှိပြီး လက်ရှိဒေသတွင် အိမ်ထောင်စု မရှိသူများအား မူလဒေသနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိ သူများကို ဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ရာတွင် ရပ်ကွက်အတွင်း အသက်(၁၀)နှစ်အထက်ရှိသူများ၊ အသက်(၁၈)နှစ်မပြည့်သေးသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ် လ.ဝကမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များအလိုက် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး