ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုး‌ဆော်ချက်များအား ဆက်လက်နှိုးဆော်

ပိုင်ကျုံ ဖေဖော်ဝါရီ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယ‌မန်နေ့ မွန်းလွှဲပိုင်းက မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ကရင်/ မြန်မာ နှစ်ဘာသာဖြင့် လိုက်လံနှိုးဆော် ပေးလျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာ၌ ပြည်သူများအနေဖြင့် မျိုးဗီဇပြောင်း အိုမီခရွန် ကိုဗစ်-၁၉ ရောဂါသည် မိမိတို့နိုင်ငံတွင် အဖြစ်နည်း သေးသော်လည်း အခြားသောနိုင်ငံများတွင် စတင်ဖြစ်ပေါ်လျက်ရှိသဖြင့် မိမိတို့ကျေးရွာအတွင်း မဖြစ်ပွားမီ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကာကွယ်ရေးလုပ်ငန်များဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အကြိမ်အပြည့်အဝ ထိုးနှံထားကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/ နှာချေလျှင် တစ်ရှူး(သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောခြင်းများဖြင့် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် အသိပေး၊ သတိပေးခြင်းများကို လှည့်လည် အသိပေးနှိုးဆော်ခဲ့ပြီး အခြားနေ့ရက်များတွင်လည်း ရပ်ကွက်/ ကျေးရွာသို့ ဆက်လက်နှိုးဆော် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး