ပြင်စလူမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

 ပြင်စလူ ဖေဖော်ဝါရီလ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်(၈)နာရီအချိန်ကပြင်စလူမြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအတွင်း Sound Box စက်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာ၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ ရောဂါ နှင့် လုံးဝမတူခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူများ ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် မိဘပြည်သူများအနေဖြင့် ပြင်ပ မှဧည့်သည်များ လက်မခံပါရန်နှင့် မိမိတို့ကလည်း အခြား သူများထံ သွားရောက်ခြင်းမပြုရန်၊ကိုဗစ်-၁၉ရောဂါကိုမိမိကစ၍ ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ ၊တတ်နိုင်သမျှ အိမ်မှာနေပါ၊လူစုလူဝေးရှောင်ပါ၊အပြင်ထွက်တိုင်း ပါးစပ် နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်ပါ၊ချောင်းဆိုး၊နှာချေလျင်တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ ၊ပြတင်းပေါက်များကို ဖွင့်ထားပါ၊လက်ကိုမကြာ ခဏ ဆပ်ပြာနှင့်စနစ်တကျ စက္ကန့် (၂၀)ကြာ ဆေးကြောကြပါ ၊သံသယလက္ခဏာ ခံစားရလျင် ကျန်းမာရေးဌာနသို့ချက်ချင်းဆက်သွယ်ကြရန်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်နှင့်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်းကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ခြင်း၊ အတူနေမိသားစုနှင့်အခြားသူများကိုကာကွယ်နိုင်ခြင်း၊ အိုမီခရွန် အပါအဝင် မျိုးဗီဇပြောင်းပိုးများ ကူးစက်မှုမှကာကွယ်နိုင်ခြင်း၊ ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့် ကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ရပ်တန့်ဖို့ရောဂါကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက် များနှင့်အညီ တိကျစွာ လိုက်နာ၍ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်အသိပညာပေးလုပ်ငန်းများအား  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဇော်ဝင်းထွန်း(ပြန်/ဆက်)