သဲကုန်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား Sputnik Light Vaccine (Booster Dose) အပိုဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ​ပေးလျက်ရှိ

သဲကုန်း ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလျော့နည်းပပျောက်ရေးနှင့် အိုမီခရွန်​ ရောဂါကြိုတင်ကာကွယ်​နိုင်ရေးအတွက်​ နိုင်ငံဝန်ထမ်းများကို Suptnlk Light Vaccine ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံ​ပေး လျက်ရှိပါသည်။

ထိုသို့ ထိုးနှံ​ပေးရာ၌ ယ​နေ့နံနက် (၀၉း၀၀)နာရီအချိန်မှ စတင်၍ ကာကွယ်​ဆေးနှစ်ကြိမ် ထိုးနှံပြီး (၆)လ ပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Doseကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးထိုးရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ တစ်ဌာနချင်းအလိုက် တစ်ဦးနှင့် တစ်ဦး ၃ပေအကွာမှနေ၍ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိသူများအား ဆေးထိုးနှံပြီး မိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာ ခွင့်ပြုကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Doseကို နိုင်ငံဝန်ထမ်းများကို ထိုးနှံပေးပြီး​ ဆေးထိုးရန် ကျန်ရှိ​နေသည့် ပြည်သူများကိုလည်း ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်သူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ချစ်နှင်းသုန် (ပြန်/ဆက်)