သတင်းများ

လှိုင်းဘွဲမြို့နယ် ကော့ဝန်းကျေးရွာတွင် (၇၅)ကြိမ်မြောက် စိန်ရတုပရိယတ္တိစာပြန်ပွဲတော် အထိမ်းအမှတ် တတိယည အထူးတရားပွဲ ကျင်းပ
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သာသနဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတု မင်္ဂလာ ပရိယတ္တိစာပြန်ပွဲတော် အထိမ်းအမှတ် ဓမ္မပူဇာအထူးတရားပွဲကို ဖေဖော်ဝါရီလ(၁၃) ရက်နေ့ စတင်ကျင်းပခဲ့ရာ ယမန်နေ့ (၇) နာရီအချိန်က ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကရင်၊မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
(၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 16,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၅)နှစ်မြောက် မွန်အမျိုးသားနေ့အလံတင် အခမ်းအနားကို ယနေ့နံနက်၅နာရီက ကျိုက်မရောမြို့ဆုတောင်းပြည့်ဘုရားကြီးအတွင်းရှိ မွန်အမျိုးသားနေ့ကျင်းပရာ မဏ္ဍပ်၌ ကျင်းပခဲ့သည်။
ခရမ်းမြို့နယ် ပိန်းကန် စံပြကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Feb 16,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းအဖွဲ့များ၊ ပိန်းကန်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့နံနက် ၈:၀၀) နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
သီပေါမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်   နံရံကပ်စာစောင်များပြသဆောင်ရွက်
Feb 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမတွင် ယမန်နေ့မွန်းလွှဲပိုင်းက ကျောင်းသူများမူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့်ပြစ်ဒဏ်များ ကိုသိရှိပြီးရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကိုပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခရိုင်ပြန်/ဆက် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်
Feb 16,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန   (Community Centre) ခန်းမ၌ ဝန်ထမ်းများ အရည်အသွေးမြှင့်မာရေး ခရိုင် ပြန်/ဆက် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။