ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဆောင်ရွက်

ထန်းတပင် (ပဲခူး)  ဖေဖော်ဝါရီ  ၁‌၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များ ကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ် ဖြစ်သည့် အိုမီခရွန်(Omicron)  ကူးစက်ပျံ့နှံ့မှု ရက်ပိုင်းအတွင်း နိုင်ငံ အရေအတွက် ပိုမိုများပြား လာပြီး မိမိတို့နိုင်ငံတွင်လည်းစတင်တွေ့ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပ ထွက်တိုင်း Mask တပ်ခြင်း၊ လက်ကို စနစ်တကျမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာ ကျင့်သုံးသွားကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။

 မြို့နယ်(ပြန်/ဆက်)