စလင်းမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား သက်တမ်းလွန်ဆေးဝါးနှင့် လိုင်စင်မဲ့ရောင်းချခြင်း ရှိမရှိကွင်းဆင်းစစ်ဆေး

စလင်း  ဖေဖော်ဝါရီ  ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်း ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား မကွေးတိုင်း ဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန FDAတိုင်းဆေးဝါးနှင့် ဆေးဘက်ကျွမ်းကျင် ဒေါ်အေးချမ်းမေ၊ Pharmacistနှင့်အဖွဲ့သည် ယမန်နေ့နေ့လည် ၁ နာရီ ၃၀နစ် အချိန်က ဆေးဆိုင်များအား သက်တမ်းလွန်ဆေးဝါးနှင့် လိုင်စင်မဲ့ဆေးဆိုင် မရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့ပေါ်ရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများ ရောင်းချ လျက်ရှိသည့်ဆိုင်များအား မကွေတိုင်းဒေသကြီး၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနမှ ဒေါ်အေးချမ်းမေ  (Pharmacist)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမြတ်မိုးထွန်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးမျိုးသန့်၊ စာသုံးသူရေးရာဦးစီးဌာနမှတာဝန်ခံဦးဆန်းလင်းမောင်၊ နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဦးညီညီစန်းတို့ပူးပေါင်းအဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ တိကျစွာလိုက်နာဆောင်ရွက်ရန် နှင့်မြို့နယ်အတွင်း ဈေးကွက်ဝင်ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ၊ သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်ရေး တရားမဝင်ဆေးပစ္စည်းများ သိုလှောင် ရောင်းချခြင်း ရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆေးဆိုင်များနေ့စဉ်ဖွင့်လှစ်ရောင်းချရန် မြို့ပေါ်ရှိ ဆေးဆိုင်များအား စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

မောင်လွင်(စလင်း)