မိုင်းဖြတ်၌  မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

မိုင်းဖြတ် ​ဖေ​ဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အသက်(၂၅) နှစ်​အောက် အမျိုးသားဖူဆယ်​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယ​မန်နေ့ ည​နေ ၄ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ​ဖူဆယ်​ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို RK Unitedနှင့် ချင်းလူငယ်အသင်းတို့ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြရာ RK United အသင်းက ၄ဂိုး ၂ဂိုးဖြင့်အနိုင်ရ ဗိုလ်စွဲခဲ့​​ကြောင်းသိရသည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ  မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးညီညီ​အောင်နှင့် တာဝန်ရှိသူများက ပထမဆုရရှိသည့် RK United ၊ ဒုတိယဆုရရှိသည့် ချင်းလူငယ်နှင့် တတိယဆုရရှိသည့် ကွက်သစ် လူငယ်အသင်းတို့ကို ဆုဖလားနှင့် ဂုဏ်ပြုဆုများကို အသီးသီး​ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖူဆယ်​ဘောလုံးပြိုင်ပွဲကို ​ ဖေဖော်ဝါရီလ ၁၀ရက်က စတင်ယှဉ်ပြိုင်ကစားကြရာ အသင်းပေါင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင်စားခဲ့​ကြောင်း သိရသည်။

သန်းထွန်းအေး