မိုးမိတ်မြို့နယ် ဆုတောင်းပြည့်မြတ်စွာဘုရားတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မိုးမိတ်  ဖေဖော်ဝါရီ ၁၆ 

နှစ်စဉ် ကျင်းပမြဲဖြစ်သော တပို့တွဲလပြည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ယမန်နေ့ ညနေပိုင်းက မြောက်ပိုင်းရပ်ကွက် ဆုတောင်းပြည့် မြတ်စွာဘုရားစေတီတော်မြတ်ကြီးတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးမှ ဆရာတော်သံဃာတော် များနှင့် သီလရှင်ကျောင်းတိုက်များမှ သီလရှင်ဆရာလေးများက ဆွမ်းခံကြွမြန်းတော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ဝေးရပ်နီးမှ စေတနာရှင် အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားများက လာရောက်လောင်းလှူခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်ရှိ အစည်းများမှ ထမနဲ၊ အအေးများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းသိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)