လယ်ဝေးမြို့နယ်ရုံး Community Centreတွင် အားကစားလှုပ်ရှားမှုများဆောင်ရွက်

လယ်ဝေး       ဒီဇင်ဘာ        ၈

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Centre တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက အားကစားလှုပ်ရှားမှု Fitness Dance သရုပ်ပြခြင်းအား Onlineမှတင်ဆက်ရန်အတွက် ရိုက်ကူးခြင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ Fitness Danceသည် ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ကိုယ်လက်လှုပ်ရှား အားကစားနည်းဖြစ်၍ Onlineမှတင်ဆက်ခြင်းဖြင့် လူကြီးလူငယ်မရွေးလိုက်ပါကစားနိုင်သည့် အားကစား လှုပ်ရှားမှုတစ်ခုဖြစ်သည်။ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ပုံပြောကဗျာရွတ် ခြင်းများ၊ ရွှေသွေးကာတွန်း၊ သုတစုံစွာဤမြေကမ္ဘာ၊ အရုပ်ခေါက်ခြင်း၊ ဟောပြောပွဲများစသည့်အစီအစဉ် များစွာကို Onlineမှရိုက်ကူးတင်ဆက်ပေးလျှက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)